Design အနေနဲ့အတော်လေးစွဲမက်စရာကောင်းလွန်းတဲ့ Honor 9 ဟာ မြန်မာနိုင်ငံမှာတော့ ကျွန်တော်တို့ တွေ့မြင်ရခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဗဟုသုတ အနေနဲ့ Mr.Fone ရဲ့ ပရိတ်သတ်ကြီးတို တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။
Honor Series တွေဟာ Huawei ကနေ နာမည်အသစ်နဲ့ ထုတ်လုပ်ခဲ့တဲ့ Series တစ်ခုပဲဖြစ်ပါတယ်။ဒါပေမယ့် ၄င်းတို့ရဲ့ ဈေးကွက်ဟာ ကျွန်တော်တို့ အာရှနိုင်ငံဈေးကွက်ထက် အနောက်နိုင်ငံဈေးကွက်ကိုထိုးဖောက်ဖို့ရည်ရွယ်ခဲ့တာကြောင့် ကျွန်တော်တို့နဲ့ သိပ်ပြီး ရင်းနှီးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ Honor ရဲ့ အလတ်တန်းစားဖုန်းတွေဖြစ်တဲ့ Honor 4X ကဲ့သို့သော ဖုန်းအချို့ကိုတော့ ကျွန်တော်တို့ ရင်းနှီးခဲ့ကြပါလိမ့်မယ်။
ယခု အခါမှာလည်း Huawei P10 နဲ့ Specification တွေတူညီပြီး Design ပိုင်းမှာတော့ P10 ထက် ပိုပြီးလန်းတယ်လို့မြင်မိတဲ့Honor P9 ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ကဲ တစ်ချက်လောက် ရှုစားလိုက်ရအောင်ဗျာ...

2017 ခုနှစ် July လမှာမိတ်ဆက်ခဲ့တဲ့ Honor 9 ဟာ Huawei P10 နဲ့ Specification အရ အတော်များများ ဆင်တူနေပါတယ်။
5.15 လက်မအကျယ် Full HD မျက်နှာပြင် ၊ အနားသတ်လေးတွေခုံးပြီးလုံးနေတဲ့ 2.5D curved glass Display Design ၊ Huawei စွမ်းဆောင်ရည်အမြင့်ဆုံး ကိုယ်ပိုင် Chipset (HiSilicon premium Kirin 960 chipset,) ဒီအချက်တွေကတော့ Huawei P10 နဲ့ဆင်တူတဲ့ အချက်တွေပါပဲ။
တစ်မူထူးခြားကွဲပြားသွားတာကတော့ သွင်ပြင် Design ပါပဲ။
ဖုန်းတစ်လုံးလုံးရဲ့ 98% လောက်ဟာ အလွန်တောက်ပြောင်ပြီးလှပသပ်ရပ်တဲ့ Metal နဲ့ glass panels
ကိုပေါင်းစပ်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Honor 9 အနေနဲ့ ရွေးချယ်စရာ Memory 3မျိုးရှိပါတယ်။ 4GB RAM/64GB ROM , 6GB RAM/64GB ROM နဲ့ 6GB RAM/128GB ROM ဆိုမျိုးထုတ်လုပ်ပေးထားပါတယ်။
Camera ကတော့ Honor ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတစ်ခုလို့တောင်ဆိုရမှာပါ။
20MP+12MP Dual Camera , 2x optical zoom, Laser autofocus, f/2.2 aperture, phase detection autofocus (PDAF), portrait & bokeh modes, and dual-LED flash အစရှိတဲ့ လုပ်ဆောင်ချက်တွေပါဝင်မှာဖြစ်ပါတယ်။ Self Camera ကတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။

Android Version 7 ကို ကိုယ်ပိုင် UI ဖြစ်တဲ့ EMUI 5.1 ဖြင့်တွဲဖက်မောင်းနှင်ထားတယ်လို့လည်းသိရပါတယ်။Battery ပမာဏအနေနဲ့ 3200 mAh battery ပါဝင်မှာဖြစ်ပြီး Fast battery charging စနစ်ကို အထောက်အပံ့ပေးတာကြောာင့် 40% ကို 30 min အတွင်းသွင်းနိုင်မှာဖြစ်ပါတယ်။

ရရှိနိုင်မယ့် အရောင်တွေကတော့ Glacier Grey, Sapphire Blue, Midnight Black, Gold အရောင်များပဲဖြစ်ပါတယ်။


Comments
Post a Comment