မကြာသေးခင် အချိန်ကာလအတွင်းမှာပဲ Xiaomi ဟာ တရုတ် Weibo အကောင့်မှာ ၄င်းတိုရဲ့ Smartphone ထုတ်ကုန်အသစ် နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို တင်သွားခဲ့ပါတယ်။ မြင်ရတဲ့အချက်အလက်တွေအရ Mi 6 Plus ဖြစ်မယ်လို့မျှော်လင့်ရပါတယ်။
လက်ရှိ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ Mi 6 Plus မှာပါဝင်လာနိုင်မယ့် Specification တွေကို တော့ အောက်ပါ အတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။
Mi 6 Plus ဟာ မျက်နှာပြင်အကျယ် ၅.၇လက်မရှိမှာဖြစ်ပြီး Full HD Display ဖြစ်မယ်လို့ပဲမျှော်လင့်ရပါတယ်။
Android Version အနေနဲ့ 7 ကိုအခြေခံပြီး MIUI 8 နဲ့ပဲ ဆက်လက်အသုံးပြုရဦးမယ်ထင်ပါတယ်။
Storage အနေနဲ့ 64GB RAM 6GB ဒါမှမဟုတ် 128GB RAM 6GB ဖြစ်မယ်လို့သိရပါတယ်။Chipset အနေနဲ့ Qualcomm ရဲ့ 8xx Series တစ်ခုခုကို အသုံးပြုနိုင်ဖွယ်ရှိပါတယ်။Qualcomm 835 ကိုဆက်လက်အသုံးပြုနိုင်သလို Qualcomm က လျှို့ဝှက်စွာ ဖန်တီးနေတယ်လို့သတင်းထွက်နေတဲ့ Snapdragon 836 လည်းပါဝင်လာနိုင်ပါတယ်။

Camera အနေနဲ့ ကတော့ 22 Megapixels Camera ကို Dual Camera အဖြစ်နဲ့လည်း မြင်တွေ့ကောင်းမြင်တွေ့ရနိုင်ပါတယ်။ Xiaomi ရဲ့ ဖော်ပြချက်အရ အဆိုပါ Camera ဟာ 4K Resolution ရှိတဲ့ Photo နဲ့ Video တွေပါရိုက်ကူးရရှိနိုင်မယ်လို့သိရပါတယ်။
နောက်ဆက်တွဲဖော်ပြချက် အနေနဲ့ အဆိုပါ ဖုန်းမှာ DDR4 RAM , UFS Memory , USB Type - C Port နှင့် battery 4000mAh သို့မဟုတ် 4500mAh တို့ပါဝင်မယ်လို့သိရပါတယ်။
နောက်ဆက်တွဲဖော်ပြချက် အနေနဲ့ အဆိုပါ ဖုန်းမှာ DDR4 RAM , UFS Memory , USB Type - C Port နှင့် battery 4000mAh သို့မဟုတ် 4500mAh တို့ပါဝင်မယ်လို့သိရပါတယ်။
Xiaomi ဟာ Mi 6 Plus ကို April လကတည်းက Mi 6 နှင့်အတူ မိတ်ဆက်မယ်လို့ထင်ခဲ့ရပေမယ့် တစ်ကယ် မိတ်ဆက်ခဲ့တဲ့ အခါမှာတော့ Mi 6 Plus ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ယခုအခါမှာလည်း Mi 6 Plus အပါ အဝင် Red Mi Pro2 , Redmi Note 5 အစရှိတဲ့ Model တွေအတွက် ခန့်မှန်းသတင်းတွေ ထွက်ရှိလို့နေပြန်ပါတယ်။ ဒီသတင်းတွေဟာ တစ်ကယ် ဖြစ်လာနိုင်မလားဆိုတာကတော့ နောင်လာမယ့် Xiaomi ရဲ့ New Product မိတ်ဆက်ပွဲမှာဆက်လက် စောင့်မျှော်ရှုစားကြရဦးမှာပဲဖြစ်ပါတယ်။
Ref : news18

Comments
Post a Comment